VATအခွန် ပြန်အမ်းငွေ တောင်းခံခြင်း (VAT Refund သို့မဟုတ် VAT Claim)
လစဉ် ဗတ် (VAT) စာရင်းတွက်ချက်ရာတွင် အကယ်၍ ဝယ်ယူမှုအခွန် (Input Tax) သည် ရောင်းချမှုအခွန် (Output Tax) ထက် များနေပါက အခွန်ထမ်းဆောင်သူအနေဖြင့် အခွန်ပြန်အမ်းငွေကို ငွေသားဖြင့်ဖြစ်စေ သို့မဟုတ် နောက်လများတွင် ပြန်လည်အသုံးပြုနိုင်မည့် အခွန်ခရက်ဒစ် (Tax Credit) အဖြစ်ဖြစ်စေ တောင်းခံနိုင်ခွင့် ရှိပါသည်။
ထို့ကြောင့် ပို့ကုန်လုပ်ငန်းများကဲ့သို့ ဗတ်ခွန် နှုန်းထား သုည ရာခိုင်နှုန်း သတ်မှတ်ထားသော လုပ်ငန်းများ (Zero-rated) သည် ဗတ်အခွန် ပြန်အမ်းငွေကို အမြဲတမ်း ရရှိပိုင်ခွင့် ရှိနေမည် ဖြစ်သည်။ အသုံးမပြုရသေးသော ဝယ်ယူမှုအခွန် (Unused Input Tax) များကိုလည်း နောက်လာမည့် (၆) လအတွင်း ရောင်းချမှုအခွန်များနှင့် ပြန်လည်ခုနှိမ် အသုံးပြုနိုင်ပါသည်။ သို့သော်လည်း အခွန်ပြန်အမ်းငွေကို အခွန်ကြေညာလွှာ တင်သွင်းရမည့် နောက်ဆုံးရက်မှစ၍ (၃) နှစ်အတွင်းသာ အချိန်မီ တောင်းခံရမည် ဖြစ်သည်။
ဧည့်ခံကျွေးမွေးစရိတ် (Entertaining Expenses) ကဲ့သို့သော အချို့သော ဝယ်ယူမှုအခွန် (Input Tax) များသည် ဗတ်အခွန်စနစ်အောက်တွင် ပြန်လည်ခုနှိမ်ခွင့် (Not Creditable) မရှိပါ။ သို့သော်လည်း ထိုသို့ ဗတ်ခွန်ခုနှိမ်ခွင့်မရှိသော ဝယ်ယူမှုအခွန်များကို ကော်ပိုရိတ်ဝင်ငွေခွန် (Corporate Income Tax – CIT) တွက်ချက်ရာတွင် လုပ်ငန်းစရိတ် (Deductible Expenses) အဖြစ် အစားထိုး အသုံးပြုနိုင်ပါသည်ခင်ဗျာ။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။
-
ဖုန်းနံပါတ်: +66 2 933 9000
-
အီးမေးလ်: bkk@panwa.co.th (Mr.Tana Sipa, ဒါရိုက်တာ)
-
WhatsApp: +66 81.919.6225
- LineApp ID: @panwa
ရုံးခန်းလိပ်စာ: 1560 Latphrao Rd., Wangthonglang, Bangkok 10310, Thailand.
မြေပုံတည်နေရာ: https://goo.gl/maps/MhJsbjkPrji51Qyt6
Sky train: Yellow Line ၊ Chokchai 4 ဘူတာ၊ Gate 4 (ထွက်ပေါက် ၄)။ ကျွန်ုပ်တို့၏ရုံးခန်းသည် Soi Latphrao 50 နှင့် 52 ကြားတွင် တည်ရှိပါသည်။




